Friday, January 2, 2015

Bull Market & Bear Market

Bull Market & Bear Market

Stock trading နဲ့  investing လုပ်တဲ့အခါမှာ Market ကတော့ Bearish ( ဝက်ဝံ ဈေးကွက်) ဖြစ်နေတယ် Bullish ( နွာသိုးဈေးကွက်) ဖြစ်နေတယ်လို့  ပြောသံကို သင်ဟာမကြာခဏကြားရပါလိမ့်မယ်..
အဲဒီ bull market & bear market ဆိုတာဘာလဲ ?

Bull market ဆိုတာ အဲဒီအချိန်ကာလမှာ ဈေးကွက်အပေါ်လူတွေအားလုံးက stock ဈေးတွေတက်ထပ်တက်အုံးမှာပဲဆိုပြီး အကောင်းမြင်နေတဲ့အချိန်.. Stock price တွေဟာတဖြည်းဖြည်းနဲ့ မြင့်တက်နေပြီ market ကြီးတခုလုံးက 20% မြင့်တက်သွားတဲ့အချိန်..အဲဒီအချိန်အတွင်းမှာ ရောင်းသူထက် ဝယ်တဲ့သူကပိုများနေပြီး sector တိုင်းမှာရှိတဲ့ company တွေရဲ့ stock price တွေဟာ strong ဖြစ်နေတဲ့အချိန်ပဲဖြစ်ပါတယ်..အဲဒီကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးအမြတ်များတတ်ကြပါတယ်..

Bear Market ကတော့ Bull Market နဲ့ ဆန့် ကျင်ဘက်ဖြစ်ပြီး sector တိုင်းမှာရှိတဲ့ stock ဈေးတွေကထိုးကျနေပြီ ရင်းနှီးမြှုပ်နှံသူတွေက ဈေးတွေထပ်ကျဦးမယ် လို့ မကောင်းမြင်နေကြတဲ့အချိန်..ဝယ်တဲ့သူထက် ရောင်းထုတ်တဲ့သူကပိုများနေတဲ့အချိန်ဖြစ်ပါတယ် Global crisis က stock market ကို bear market ဖြစ်စေဖို့  affect ဖြစ်စေပါတယ်..နိုင်ငံရေးမတည်ငြိမ်မှု့  ငွေကြေးပြသာနာတွေနဲ့  စက်ရုံ အလုပ်ရုံတွေရဲ့ ထုတ်လုပ်မှု့ ကျဆင်းမှု့ တွေ..Corporation လုပ်ငန်းစုကြီးတွေရဲ့  earning ကျဆင်းမှု့ တွေကလည်း stock market ကို affect ဖြစ်စေပါတယ် အဲဒီအချိန်အတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့  အကျိုးအမြတ်တွေကျဆင်းနေတတ်ပါတယ်..(ဒါပေမယ့် တချို့ သော trader တွေနဲ့ investor တွေကတော့ ဒီလို အချိန်ကာလအတွင်းမှာတောင် သူတို့ ရဲ့ ထူးခြားတဲ့ strategies တွေနဲ့  အကျိုးအမြတ်ရအောင်စွမ်းဆောင်နိုင်ကြပါသေးတယ်)

ရေးသူ-C2
Credit: https://m.facebook.com/profile.php?id=1547060748857612


EPS ဆိုတာဘာလဲ?

EPS ( Earning per Share) & PE ratio (Price to Earning ratio ) ဆိုတာဘာလဲ ?

EPS ဆိုတာ Company တခုက ထုတ်ထားတဲ့ share တခုချင်းစီအပေါ်မှာရရှိလာသော( အခွန်နုတ်ပြီး) အသားတင်အမြတ်ကိုဖော်ပြခြင်းဖြစ်ပါတယ်..
Formula ကတော့

EPS = Net Earning / outstanding shares

ဥပမာ.. Company A မှာ အမြတ်ဝင်ငွေ $ 500 millions ရှိပြီး stock share အရေအတွက်ပေါင်း 250 millions ရောင်းထုတ်ထားတယ်ဆိုရင် company A ရဲ့  EPS ( share တခုချင်းစီမှာရတဲ့ အမြတ်ဝင်ငွေ) က $2 ဖြစ်ပါတယ်..
EPS = $500 millions/ 250 millions shares = $2

PE ratio ဆိုတာက share တခုချင်းစီကရတဲ့ အမြတ်ဝင်ငွေ (EPS) နဲ့  လက်ရှိဈေးကွက်မှာပေါက်နေတဲ့ stock share ရဲ့ ဈေးနှုန်းတို့ ရဲ့  အချိုးညီမျှချက်ဖြစ်ပါတယ်..

Formula ကတော့
PE ratio = Price per share / Earning per share

ဥပမာ..company A ရဲ့ လက်ရှိဈေးကွက်ပေါက်ဈေးက share တခုကို $40 ဖြစ်ပြီး EPS က $5 ဖြစ်မယ်ဆိုရင် company A ရဲ့  PE ratio က $40/ $5 = 8 ဖြစ်မယ်.. တကယ်လို့  investor တယောက်က PE ratio 8 ရှိတဲ့ company A ရဲ့  stock တခုကိုဝယ်လိုက်မယ်ဆိုရင် company A ရဲ့  တနှစ်မှာရတဲ့အမြတ်ဝင်ငွေ $1 တိုင်း အတွက် $8 ပေးပြီးဝယ်ရတဲ့သဘောပါပဲ..ဘာဖြစ်လို့  investor တယောက်ဟာ $1 တန်ကို 8 ဆ ပေးပြီးဝယ်ရလဲဆိုတော့ company A ရဲ့  နှစ်စဉ် နှစ်တိုင်းရမယ့် အမြတ်ဝင်ငွေဟာ 8% သို့ မဟုတ် 8% ထက်ပိုပြီးရနိုင်တယ်လို့ ထင်မြင်လို့ ပဲဖြစ်ပါတယ်..
အများအားဖြင့်တော့ PE ratio 20 နဲ့ အထက်ကို over-priced အဖြစ်သတ်မှတ်ပြီး stock ရဲ့ ဈေးကလည်းမြင့်ပါတယ်.. PE ratio 10 ကနေ 20 အထိကိုတော့ Fairly priced သင့်တင့်တဲ့ဈေးနှုန်းအဖြစ်သတ်မှတ်ပါတယ် PE ratio 15 အောက်ကိုတော့ under-priced အဖြစ်သတ်မှတ်ပြီး stock ရဲ့ ဈေးကလည်းရှိသင့်တဲ့ဈေးထက်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်..
Warren Buffett ဟာ အဲဒီလို အောက်ဈေးဖြစ်နေတဲ့ company တွေရဲ့  stock share တွေကိုဝယ်စုထားပြီး ဈေးတက်လာတဲ့တနေ့  ပြန်ရောင်းခြင်းဖြစ် Billionaire ဖြစ်ခဲ့ပါတယ်..

အဲဒီလောက်ဆိုရင် အောက်မှာဖော်ပြထားတဲ့  APPLE နဲ့  Coca-Cola company တို့ ရဲ့  stock quote table မှာပါတဲ့ EPS နဲ့  PE ratio ကိုနားလည်လောက်ပြီထင်ပါတယ်..

ရေးသူ- C2
Credit: https://m.facebook.com/profile.php?id=1547060748857612

Balance sheet ဆိုတာဘာလဲ ?

Balance sheet ဆိုတာဘာလဲ ?

Stock Investor တယောက်အနေနဲ့ Company တခုရဲ့ Share တွေကိုဝယ်ယူတော့မယ်ဆိုရင် ထိုCompany ရဲ့  အနာဂတ်မှာတိုးတက်မှု့ အခြေနေ ဆုတ်ယုတ်မှု အခြေနေတို့ ကို ခန့် မှန်းတွက်ချက်ရန်အတွက် Company ရဲ့ ပိုင်ဆိုင်မှု့  ပေးဆပ်ရမယ့်အကြွေး စသဖြင့် Finance ပိုင်းဆိုင်ရာအချက်အလက်တွေကိုဖော်ပြထားတဲ့ Balance sheet ကိုမဖြစ်မနေ ကြည့်ရှု့ ဖို့ လိုအပ်တဲ့အတွက် Balance sheet ဆိုတာ ဘာလဲလို့ သိထားဖို လိုအပ်ပါတယ်..
Balance Sheet ဆိုတာ Assets, Liabilities & Share Holder တွေရဲ့  Equities ( Assets, Liabilities & Equity အကြောင်းကို တင်ထားပြီးတဲ့ ပိုစ်တွေမှာ ရှာဖွေဖတ်ရှု့ နိုင်ပါတယ်) တို့ ကို အနှစ်ချုပ်ဖော်ပြထားတဲ့ Company ရဲ့ Finance ပိုင်းဆိုင်ရာ ထုတ်ပြန်ကြေငြာချက်ဖြစ်ပါတယ်..

ဥပမာ.. ဦးလှဟာ နှစ်စဉ် ဝင်ငွေ $ 20,000 ရှိတဲ့ သူပိုင်တဲ့ရေခဲမုန့့် ဆိုင်ကို $ 100,000 နဲ့  ရောင်းချင်တယ်ဆိုပါစို့  အဲဒါဆို သူ့ ရဲ့ ရေခဲမုန့် ဆိုင်ကို အောက်မှာဖော်ပြထားတဲ့ Balance Sheet ထဲက အချက်အလက်တွေကိုကြည့်ပြီး ဝယ်ပြီးရင်းနှီးမြှုပ်နှံဖို့  စွန့် စားမှု့  (risk) များ မများကို အခုလိုတွေ့ ရပါလိမ့်မယ်..

Total Assets ;
cash in account : 3,000
Ice cream stand : 10,000
Ice cream Machine : 5,000
Supplies. : 1,000
Land : 25,000
Total : 44,000

Total Liabilities ;
Salary owed : 2,000
Ice cream stand : 9,000
Ice cream Machine. : 3,000
Land : 23,000
Total : 37,000

Equity : $7000
( Equity = Assets - Liabilities )

Balance sheet မှာဖော်ပြထားတဲ့အတိုင်း အပေါ်က Total Assets မှာ ဦးလှရဲ့  ရေခဲမုန့် ဆိုင် ဘဏ်အကောင့်ထဲမှာ ငွေသား $3000 ရှိတယ်..$10000 တန်တဲ့ ice cream stand တခုပိုင်တယ်..
$5000 တန်တဲ့ ice cream machine လည်းတခုပိုင်တယ်..
$1000 တန်တဲ့တခြားထောက်ပံ့ပစ္စည်းတွေလည်းရှိတယ်.. ပြီးတော့ $
25000 တန်တဲ့ ရေခဲမုန့် ဆိုင်မြေနေရာကိုလည်းပိုင်တယ်..ဆိုတော့ ဦးလှရဲ့ ရေခဲမုန့် ဆိုင်ပိုင်ဆိုင်မှု့ ဟာ စုစုပေါင်း $44000 ရှိတယ်လို့ ဆိုရမှာပေါ့..
ဒါပေမယ့် အောက်က Total Liabilities မှာဖော်ပြထားတဲ့အတိုင်း ဝန်ထမ်းတွေကိုပေးရတဲ့ လစာက $2000 ရှိတယ်..ပြီးတော့ ice cream stand ကို $9000 ဆိုပြီး Assets မှာဖော်ပြထားပြီးသားကို Liabilities မှာ ဒုတိယအကြိမ်ထပ်ဖော်ပြထားတာကိုတွေ့ ရတယ် အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့ ဦးလှဟာ $10000 တန်တဲ့ ice cream stand ကိုဝယ်ဖို့ $1000 ပဲငွေပေးချေထားပြီး ကျန်တဲ့ $9000 က ဘဏ်ကချေးပြီး ဝယ်ထားတဲ့အတွက် ဘဏ်ကိုပေးဆပ်ရန်ကျန်နေသေးတယ်လို့ ဆိုလိုပါတယ်.. Ice cream Machine လည်းထိုအတိုင်းပါပဲ $5000တန်ကို $2000 ပဲပေးရသေးပြီး ကျန်တာက ချေးထားတဲ့ဘဏ်ကို $3000 အကြွေးဆပ်ရန်ရှိသေးတယ်..
ဆိုင်ခန်းမြေနေရာလည်း ထိုနည်းလည်းကောင်းပဲ ဒေါ်လာ 23000 ပေးဆပ်စရာရှိသေးတယ်..
ဦးလှရဲ့  ပေးဆပ်စရာရှိတဲ့ ငွေစုစုပေါင်းဟာ $37000 ရှိနေတာကိုတွေ့ ရမယ်..ထိုကြောင့် Formula အတိုင်း Equity ( အသားတင်လက်ကျန်အမြတ်ငွေပိုင်ဆိုင်မှု့ တန်ဖိုး) = Assets 44000 - Liabilities 37000= $7000 ပဲရှိတာကိုတွေ့ ရပါမယ်..
Market price နဲ့  Equity တို့ ရဲ့ ကွာခြားချက်နည်းလေ invest လုပ်ရန် Risk နည်းလေဖြစ်ပြီး ကွာခြားချက်များလေလေ risk များလေလေဖြစ်ပါတယ်..
ဒီလောက်ဆိုရင်တော့ Balance Sheet မှာဖော်ပြထားတဲ့အချက်အလက်တွေကို ကြည့်ပြီး သဘောပေါက်လောက်ပါပြီ..
အောက်မှာဖော်ပြထားတဲ့အပုံက APPLE company ရဲ့  balance sheet နဲ့  ဦးလှရဲ့ ရေခဲမုန့် ဆိုင် balance sheet တို့ ကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းဖြင့် ပိုမိုနားလည်သဘောပေါက်လာမှာပါ...

ရေးသူ- C2
Credit: https://m.facebook.com/profile.php?id=1547060748857612

What means 'up' ?

Facebook က group ​တော်​​တော်​များများမှာ ​တွေ့ရတတ်​တဲ့ up ဆို​တာ ....

Thursday, January 1, 2015

Google Ads

မိမိ Blog နှ​င့်​ google ads ချိတ်​ဆက်​မယ်​ဆိုရင်
.......
.......
.......
.......
.......
.......
Comment ​ပေးခဲ့ပါ

ဝမ်းဘဲ

How to Register 'etoro'?

Etoro
ဘယ်​လို register လုပ်​မလဲ ဘယ်လိုအသုံးချရမလဲ 

 ငွေကြေးဈေးကွက်မှာ လက်တွေ့လေ့ကျင်နိုင်ဖို့အတွက်

ငွေကြေးဈေးကွက်အကြောင်းကို သေချာနားလည် သိပြီးပြီးဆိုရင် လက်တွေ့လေ့ကျင်နိုင်ဖို့အတွက် Demo အကောင့် ပြုလုပ်ပုံကို ရေးထားပေးပါတယ်။ Demo အကောင့်ပေမယ့် တကယ့်အပြင် ငွေကြေးဈေးနှုန်းတွေအတိုင်း တထပ်တည်း ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည့်မှုရလာပြီဆိုမှပဲ အဲဒီမှာပဲ Real အကောင့်ကို ငွေထည့်ပြီး တကယ့်ငွေအစစ်နဲ့ Trader အဖြစ်စတင်ဖို့ အကြံပေးချင်ပါတယ်။ အနည်းဆုံးအချိန် သုံးလလောက် ယူပြီး လေ့ကျင့်စေချင်ပါတယ်

စာအုပ်​ပါ
လေ့လာကြည့်​ပါ အဆင်​​ပြေ၏ မ​ပြေ၏ ​အောက်​မှာ comment ​ပေးခဲ့ပါဦး

Etoro

Forex ​ငွေ​ကြေး​ရောင်းဝယ်​​ရေးဆိုတာဘာလဲ?

Forex ​ငွေ​ကြေး​ရောင်းဝယ်​​ရေးဆိုတာဘာလဲ?
ခဏခဏ scam ဖြစ်​တတ်​တဲ့ PTC ​တွေကြား
....

 ငွေကြေးဈေးကွက် မူကြိုကျောင်း သင်ခန်းစာများ

ငွေကြေးဈေးကွက် (Forex Market) အကြောင်းကို အလွယ်ကူဆုံး၊ နားလည်လွယ်အောင် ရေးထားပေးတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖတ်ပြီးသွားပြီးဆိုရင်တော့ ငွေကြေးအရောင်းအ၀ယ်အကြောင်းကို သေချာနားလည် သဘောပေါက်သွားမှာ ဖြစ်ပါတယ်

....
ကဲ ဒီက​နေ​ download ယူပြီး ​လေ့လာကြည့်​လိုက်​ပါ
အဆင်​​ပြေတယ်​မ​ပြေဘူး Comment ​ပေးခဲ့ပါဦး

Forex