Showing posts with label Stock share အ​ကြောင်းသိ​ကောင်းစရာများ. Show all posts
Showing posts with label Stock share အ​ကြောင်းသိ​ကောင်းစရာများ. Show all posts

Friday, January 2, 2015

ဘာ​ကြောင့်​ Stock market မှာ invest & trading လုပ်​သင့်​သလဲ?

ဘာကြောင့် stock market မှာ invest & trading လုပ်သင့်သလဲ ?

ဦးမောင်မောင် တယောက် တနေ့ တာ လုပ်ငန်းတာဝန်တွေပြီးလို့  အိမ်မှာ မိသားစုနဲ့ အတူ TV ကြည့်နေရင်း နာရီကိုတချက်လှမ်းကြည့်လိုက်တယ်.. ဒီအချိန်ဆို US Market ဖွင့်ပြီပဲ ဆိုပြီး TV ကြည့်နေရင်း သူ့ ရဲ့  laptop ကိုဖွင့်လိုက်ပြီး latest financial news ကိုဖတ်ပြီး ဒီနေ့ မှာ အများဆုံးအရောင်းအဝယ်လုပ်နေတဲ့  stock တခုကိုရှာလိုက်တယ်...

အဲဒီနောက် သူ့ ရဲ့  online brokerage account ကို log in လုပ်လိုက်ပြီး မကြာမှီမှာ stock price တွေမြင့်တက်လာ လိမ့်မယ်လို့  သူထင်တဲ့ company တခုရဲ့ stock ကို ဝယ်လိုက်တယ်... ပြီးတော့TV ကိုဆက်ကြည့်နေရင်း သူ့ မိန်းမနဲ့ ကလေးတွေကို စကားပြောနေလိုက်တယ်...

၁ နာရီလောက်ကြာတော့ ခုနက သူဝယ်ထားတဲ့  stock ကို check ကြည့်လိုက်တော့ US$ 350 မြတ်နေတာကိုတွေ့ လိုက်တယ်.. အဲဒါနဲ့  laptop ကနေ လက်ညိုးလေးနဲ့  click တချက်နှိပ်ပြီး ဝယ်ထားတဲ့ stock ရဲ့  open position ကို Close လုပ်ပြီး အိပ်ယာဝင်သွားတော့တယ်...
အဲဒီလိုနဲ့  ညစဉ်ညတိုင်း laptop ပေါ်ကနေ stock ကို ဝယ်လိုက် ရောင်းလိုက်လုပ်ရင်း ရှုံးလိုက် မြတ်လိုက်နဲ့  လစဉ် အပိုဝင်ငွေအဖြစ် US$3000 ကနေ US$5000 လောက် ဦးမောင်မောင်ဟာ သူရဲ့  နေ့ ဘက် ကုမ္ပဏီမှာလုပ်တဲ့လစာထက်ပိုတဲ့ ငွေတွေဝင်နေပါတယ်...

ဦးလှမောင်ကတော့ ဒီလိုမဟုတ် သူ အလုပ်လုပ်တဲ့ကုမ္ပဏီကရတဲ့လစာရဲ့  15% ကနေ 20% ကိုလစဉ်လတိုင်း stock တခုကိုဝယ်ပြီး invest လုပ်ထားလိုက်တယ် ၃ နှစ်ကြာပြီးနောက်မှာတော့ သူငွေတွေဟာနှစ်ဆ နှစ်ဆဖြစ်နေတာကိုတွေ့ ရပါတယ်
ဦးမောင်မောင်နဲ့  ဦးလှမောင်တို့ က ဘဝကိုပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းနေချိန်မှာ သူတို့ ရဲ့ သူငယ်ချင်းတွေနဲ့ တခြားသူတွေဟာ သူတို့ ရဲ့ လစဉ်ကုန်ကျစာရိတ်ကိုကာမိဖို့  အကြွေးတွေပေးဖို့  အတွက်မလောက်ငှတဲ့လစာနဲ့  ပင်ပန်းကြီးစွာ အလုပ်လုပ်နေကြရတယ်...
ထောင်ပေါင်းများစွာသော သေသေချာချာလေ့ကျင့်ထားတဲ့ stock investor တွေ trader တွေဟာ နှစ်စဉ်နှစ်တိုင်း အိမ်မှာထိုင်နေရင်း ပင်ပန်းကြီးစွာ အလုပ်မလုပ်ရဘဲ အပိုငွေတွေဝင်နေပါတယ်...
Stock Market မှာရင်းနှီးမြှုပ်နှံခြင်းဟာ စွန့် စားမှု့  (risk) အရမ်းများသလား ? တကယ်တော့ အခြေအနေပေါ်မူတည်ပါတယ်...ဥပမာ... ကားမောင်းတာဟာ risk များသလား ? တကယ်လို့  သင်ဟာ ကားကိုမောင်းတတ်အောင် စနစ်တကျ သင်ထားခြင်းလည်းမရှိ..လမ်းပေါ်က road sign တွေကိုဘယ်လိုကြည့်ရမလဲ နားမလည်..ဂီယာလည်းမထိုးတတ်..ဘေးကြည့်မှန် နောက်ကြည့်မှန်တို့ ကိုလည်းမသုံးတတ်ဘဲ ကားတက်မောင်းမယ်ဆိုရင်တော့ သင်ဟာ accident ဖြစ်ဖို့  ထိ နာကျင်ဖို့  အခွင့်ရေးကပိုများသွားပြီ..အခန့် မသင့်ရင် သေတောင်သေနိုင်တယ်...ဒါပေမယ့် သင်ဟာကားကို စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်မယ်ဆိုရင်တော့.....

ရေးသူ - C2
Credit: https://m.facebook.com/profile.php?id=1547060748857612

Bull Market & Bear Market

Bull Market & Bear Market

Stock trading နဲ့  investing လုပ်တဲ့အခါမှာ Market ကတော့ Bearish ( ဝက်ဝံ ဈေးကွက်) ဖြစ်နေတယ် Bullish ( နွာသိုးဈေးကွက်) ဖြစ်နေတယ်လို့  ပြောသံကို သင်ဟာမကြာခဏကြားရပါလိမ့်မယ်..
အဲဒီ bull market & bear market ဆိုတာဘာလဲ ?

Bull market ဆိုတာ အဲဒီအချိန်ကာလမှာ ဈေးကွက်အပေါ်လူတွေအားလုံးက stock ဈေးတွေတက်ထပ်တက်အုံးမှာပဲဆိုပြီး အကောင်းမြင်နေတဲ့အချိန်.. Stock price တွေဟာတဖြည်းဖြည်းနဲ့ မြင့်တက်နေပြီ market ကြီးတခုလုံးက 20% မြင့်တက်သွားတဲ့အချိန်..အဲဒီအချိန်အတွင်းမှာ ရောင်းသူထက် ဝယ်တဲ့သူကပိုများနေပြီး sector တိုင်းမှာရှိတဲ့ company တွေရဲ့ stock price တွေဟာ strong ဖြစ်နေတဲ့အချိန်ပဲဖြစ်ပါတယ်..အဲဒီကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးအမြတ်များတတ်ကြပါတယ်..

Bear Market ကတော့ Bull Market နဲ့ ဆန့် ကျင်ဘက်ဖြစ်ပြီး sector တိုင်းမှာရှိတဲ့ stock ဈေးတွေကထိုးကျနေပြီ ရင်းနှီးမြှုပ်နှံသူတွေက ဈေးတွေထပ်ကျဦးမယ် လို့ မကောင်းမြင်နေကြတဲ့အချိန်..ဝယ်တဲ့သူထက် ရောင်းထုတ်တဲ့သူကပိုများနေတဲ့အချိန်ဖြစ်ပါတယ် Global crisis က stock market ကို bear market ဖြစ်စေဖို့  affect ဖြစ်စေပါတယ်..နိုင်ငံရေးမတည်ငြိမ်မှု့  ငွေကြေးပြသာနာတွေနဲ့  စက်ရုံ အလုပ်ရုံတွေရဲ့ ထုတ်လုပ်မှု့ ကျဆင်းမှု့ တွေ..Corporation လုပ်ငန်းစုကြီးတွေရဲ့  earning ကျဆင်းမှု့ တွေကလည်း stock market ကို affect ဖြစ်စေပါတယ် အဲဒီအချိန်အတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့  အကျိုးအမြတ်တွေကျဆင်းနေတတ်ပါတယ်..(ဒါပေမယ့် တချို့ သော trader တွေနဲ့ investor တွေကတော့ ဒီလို အချိန်ကာလအတွင်းမှာတောင် သူတို့ ရဲ့ ထူးခြားတဲ့ strategies တွေနဲ့  အကျိုးအမြတ်ရအောင်စွမ်းဆောင်နိုင်ကြပါသေးတယ်)

ရေးသူ-C2
Credit: https://m.facebook.com/profile.php?id=1547060748857612


EPS ဆိုတာဘာလဲ?

EPS ( Earning per Share) & PE ratio (Price to Earning ratio ) ဆိုတာဘာလဲ ?

EPS ဆိုတာ Company တခုက ထုတ်ထားတဲ့ share တခုချင်းစီအပေါ်မှာရရှိလာသော( အခွန်နုတ်ပြီး) အသားတင်အမြတ်ကိုဖော်ပြခြင်းဖြစ်ပါတယ်..
Formula ကတော့

EPS = Net Earning / outstanding shares

ဥပမာ.. Company A မှာ အမြတ်ဝင်ငွေ $ 500 millions ရှိပြီး stock share အရေအတွက်ပေါင်း 250 millions ရောင်းထုတ်ထားတယ်ဆိုရင် company A ရဲ့  EPS ( share တခုချင်းစီမှာရတဲ့ အမြတ်ဝင်ငွေ) က $2 ဖြစ်ပါတယ်..
EPS = $500 millions/ 250 millions shares = $2

PE ratio ဆိုတာက share တခုချင်းစီကရတဲ့ အမြတ်ဝင်ငွေ (EPS) နဲ့  လက်ရှိဈေးကွက်မှာပေါက်နေတဲ့ stock share ရဲ့ ဈေးနှုန်းတို့ ရဲ့  အချိုးညီမျှချက်ဖြစ်ပါတယ်..

Formula ကတော့
PE ratio = Price per share / Earning per share

ဥပမာ..company A ရဲ့ လက်ရှိဈေးကွက်ပေါက်ဈေးက share တခုကို $40 ဖြစ်ပြီး EPS က $5 ဖြစ်မယ်ဆိုရင် company A ရဲ့  PE ratio က $40/ $5 = 8 ဖြစ်မယ်.. တကယ်လို့  investor တယောက်က PE ratio 8 ရှိတဲ့ company A ရဲ့  stock တခုကိုဝယ်လိုက်မယ်ဆိုရင် company A ရဲ့  တနှစ်မှာရတဲ့အမြတ်ဝင်ငွေ $1 တိုင်း အတွက် $8 ပေးပြီးဝယ်ရတဲ့သဘောပါပဲ..ဘာဖြစ်လို့  investor တယောက်ဟာ $1 တန်ကို 8 ဆ ပေးပြီးဝယ်ရလဲဆိုတော့ company A ရဲ့  နှစ်စဉ် နှစ်တိုင်းရမယ့် အမြတ်ဝင်ငွေဟာ 8% သို့ မဟုတ် 8% ထက်ပိုပြီးရနိုင်တယ်လို့ ထင်မြင်လို့ ပဲဖြစ်ပါတယ်..
အများအားဖြင့်တော့ PE ratio 20 နဲ့ အထက်ကို over-priced အဖြစ်သတ်မှတ်ပြီး stock ရဲ့ ဈေးကလည်းမြင့်ပါတယ်.. PE ratio 10 ကနေ 20 အထိကိုတော့ Fairly priced သင့်တင့်တဲ့ဈေးနှုန်းအဖြစ်သတ်မှတ်ပါတယ် PE ratio 15 အောက်ကိုတော့ under-priced အဖြစ်သတ်မှတ်ပြီး stock ရဲ့ ဈေးကလည်းရှိသင့်တဲ့ဈေးထက်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်..
Warren Buffett ဟာ အဲဒီလို အောက်ဈေးဖြစ်နေတဲ့ company တွေရဲ့  stock share တွေကိုဝယ်စုထားပြီး ဈေးတက်လာတဲ့တနေ့  ပြန်ရောင်းခြင်းဖြစ် Billionaire ဖြစ်ခဲ့ပါတယ်..

အဲဒီလောက်ဆိုရင် အောက်မှာဖော်ပြထားတဲ့  APPLE နဲ့  Coca-Cola company တို့ ရဲ့  stock quote table မှာပါတဲ့ EPS နဲ့  PE ratio ကိုနားလည်လောက်ပြီထင်ပါတယ်..

ရေးသူ- C2
Credit: https://m.facebook.com/profile.php?id=1547060748857612